မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ ကျင်းပ

မန္တလေး ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေခရိုင်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒေါက်တာလှကြွယ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မဟာအောင်မြေခရိုင်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်လဲ့ရည်ဝင်းက ဒေသန္တရစီမံကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဥက္ကဋ္ဌကိုယ်စား တာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၏ စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများအား စီမံကိန်းတာဝန်များပေးအပ်သည်။

တဆက်တည်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)