သာပေါင်း မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင် ကျေးရွာအုပ်စု၊ ရိုးဝကျေးရွာ၊ မယ်ထွေးလေးဆန်စက်၌ စပါးကြဲခင်းပပျောက်ရေး နည်းပညာပေးဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာန ၊၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မိုးစပါးရေတော် မိုးတော်စိုက်ဧကအားလုံး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှုပ် ထည့်သွင်းနိုင်ရေး၊မြေဆီလွှာဖွံ့ဖြိုး တိုးတတ်စေရန်အတွက်သစ် စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့်ကြဲပက်စိုက်ပျိုးခြင်းကို ယနေ့ မေလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်က တောင်သူဦးဇော်ဝင်းထွန်း၏ ကွင်းအမှတ်(၈၁၄)၊ ဦးပိုင်အမှတ်(၈/၂)၊(၈)ဧက လယ်မြေပေါ်သို့ ကြဲပက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီအတွင်းရေးမှူး၊မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးမျိုးမြင့်လွင်မှ စပါးကြဲခင်း ပပျောက်ရေး နည်းပညာပေးဆွေးနွေးပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစုဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေးတိုး တက်ကောင်းမွန်လာခြင်းစသည့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မေလဆန်းဝန်းကျင်တွင် တစ်ဧက(၄)ပြည်နှုန်း ကြဲပက်စိုက်ပျိုးရန်၊ အစိုဓာတ်လိုအပ်ပါက ရေခပ်ပါးပါး တစ်ကြိမ်သွင်းပါ၊ စိုက်ပြီး(၄၅)ရက်သားအချိန်သည် အပင်အတွက်အဓိက အာဟာရဓာတ်များဖြစ်သော နိုက်ထရိုဂျင် ဖေါ့စ်ဖေါရပ်(ဖေါ့စ်စဖိတ်)၊ပိုတက်ရှ် အများဆုံးပါဝင်ချိန်တွင် ထယ်ထိုးမြေမြှုပ်၍ သစ်စိမ်းမြေဩဇာ မြေဆွေးဓါတ်ရရှိစေပြီး မြေအချဉ်အငန်ကိုလည်း ၎င်းသစ်စိမ်းမြေဆွေးဓါတ်က ထိန်းညှိပေးပါကြောင်း မြေကြီးရုပ်ဂုဏ်သတ္တိပိုမိုကောင်းမွန်းလာပါကြောင်း မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသသည် နှစ်စဉ်မိုးရေချိန်လက်မ(၈၀) ခန့်ရွာသွန်းခဲ့မှုကြောင့် မြေဆီလွှာအပေါ် ယံစိုက်ပျိုးမြေများမှာ အချဉ်ဓါတ်ရှိမြေများဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းဖြင့် အပင်များစားသုံးရန် N.P.K အာဟာရဓါတ် ရရှိစေရုံမကပဲ မြေချဉ်မှု(PH အနိမ့်)ကိုလည်း မြှင့်တင်ပေးနိုင်ပြီး (၂)ပတ်အကြာတွင်စပါးစိုက်ပျိုးနိုင်ပါသည်တို့ကို အသိပညာပေးပြောကြားပြီး မိုးစပါးရေတော်မိုးတော်စိုက်ဧကအားလုံးသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မြေမြှုပ်ထည့်သွင်းနိုင်ရေးတောင်သူ(၅၀)ဦးတို့နှင့်တွေ့ဆုံ ဆွေးနွေးကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထုပ်များထောက်ပံ့ပေးအပ်၍ တောင်သူဦးဇော်ဝင်းထွန်း၏ ကွင်းအမှတ်(၈၁၄)၊ ဦးပိုင်အမှတ်(၈/၂)၊(၈) ဧက လယ်မြေပေါ်သို့ (၁)ဧကလျှင်(၄)ပြည်နှုန်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး စိုက်ပျိုးရေး ဦးစီးမှူးဦးမျိုးမြင့်လွင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူးဦးဇော်ဇော်နိုင်၊ မြေစာရင်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် တောင်သူတို့က စုပေါင်းကြဲပက် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်