မိုင်းခတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်‌

မိုင်းခတ် မေ ၂

ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်‌ရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှု မြှင့်မားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သုတရသစာအုပ်များ ပြသခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင်က ကလေးသူငယ်အခွင့်အ‌ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြော၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ အရွယ်ကလေးများက သုတ/ရသစာအုပ်များနှင့် က‌လေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေး နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြပြီး မိမိကြိုက်နှစ်သက်ရာစာအုပ်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)