နောင်ချို မေ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း တိရိစ္ဆာန်ကူးစက်ရောဂါများ ကင်းဝေးစေရန် ရှောင်တစ်ခင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နောင်ချိုမြို့နယ်အတွင်းနှင့် ရှမ်းပြည်နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ ပြန့်ပွားမလာစေရေး၊ ရာသီအလိုက် ဖြစ်ပွားနိုင်သော တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ရောဂါကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး၊ အများပြည်သူ အသားစားသုံးမှု ဘေးကင်းလုံခြုံစေရေးအတွက် နောင်ချိုမြို့နယ်အတွင်း ဖြတ်သန်းသယ်ဆောင်သော တိရစ္ဆာန်ယာဉ်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဥပဒေ၊ သတ်မှတ်စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိရစ္ဆာန်အရှင်များအား မျက်မြင်ရှောင်တစ်ခင်စစ်ဆေးခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)