ကျောက်ဆည်မြို့နယ်တွင် ပန်းခင်း (၃) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ကျောက်ဆည် မေ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့်ရရှိရေး ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက မုန့်ပေါင်းကျေးရွာအုပ်စု၌  နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူး၊ ဒုတိယလဝကမှူး ဦးဇင်မောင်ထွန်းနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍  နိုင်ငံသားစိစစ်ကတ်မရှိသေးသည့် အမျိုးသား (၃၄)ဦး၊ အမျိုးသမီး (၂၆)ဦး၊ စုစုပေါင်း (၆၀)ဦးအား ပြုလုပ်ပေးခဲ့ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် နိုင်ငံသားစိစစ်ကတ်ပြုလုပ်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)