ညောင်လေးပင်မြို့နယ်၌ လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးမှုဖြစ်ပွား

ညောင်လေးပင် မေ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်က လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် ကျေးရွားများတွင် လူနေအိမ် (၄၃) လုံးနှင့် စာသင်ကျောင်းတစ်ကျောင်းပျက်စီးခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် ညောင်လေးပင်မြို့နယ်ရှိ ဝါးပတောကျေးရွာအုပ်စု အရှေ့ဇီးကန်ကျေးရွာတွင်အိမ်ထောင်စု (၁၅) စု ၊ ဇီးဖြူခင်ကျေးရွာတွင် အိမ်ထောင်စု (၁၇) စု၊ ကျဘန်းကျေးရွာအုပ်စု​ ကျဘန်းကျေးရွာတွင် အိမ်ထောင်စု (၁၁) စု၊ စာသင်ကျောင်း တစ်ကျောင်းပျက်စီးသွားခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ (၃၉၄) သိန်းခန့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ် လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများမှ မိသားစုဝင် (၁၇၉) ဦးတို့အား နီးစပ်ရာ ဆွေမျိုးများနေအိမ်များသို့ ပြောင်းရွှေ့ပေးထားကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)