မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းလူငယ်များအား ဂုဏ်ပြုကြိုဆို

မိတ္ထီလာ မေ ၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌  ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်း လူငယ်များအား ဂုဏ်ပြုကြိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၁၁၃) ခြေမြန်တပ်ရင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲတွင်  ပြည်သူ့စစ်မှုထမ်းသူများအနေဖြင့်  သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် မြစ်သားမြို့နယ်များ ရောက်ရှိလာကြသည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်း လူငယ်များအား အမြောက်ပစ်သင်တန်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မင်းဇော်ဦး၊ တပ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ) သင်တန်းသားသင်တန်းသူများ၊ အမှတ်(၁၁၃) ခြေမြန်တပ်ရင်းမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ပန်းစည်း၊ ပန်းကုံးများ ဂုဏ်ပြုလက်ကမ်း၍ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်း လူငယ်များ နေ့လည်စာကျွေးမွေးခြင်း၊ အိပ်ဆောင်နေရာချထားခြင်းများကို တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ