မြန်အောင် မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ၊ မေလ ၈ ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ "World Red Cross Day" အခမ်းအနားနှင့်ရှေးဦးပြုစုခြင်း (အခြေခံ) အဆင့် (၁/၂၀၂၄) ၊ (၂/၂၀၂၄) ၊ (၃/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က အ.ထ.က(၁) မြန်အောင်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်အလံအားအလေးပြုပြီးကြက်ခြေနီသစ္စာဓိဌာန်ရွတ်ဆိုကြသည်။ အခမ်းအနာ တွင် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ပေးပို့သော ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာအား ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမိုးမြင့်ခိုင်က ဖတ်ကြားသည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဆရာမဒေါ်ပြုံးမြင့်က သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်များကိုရှင်း လင်းပြောကြားခဲ့ပြီး အ.ထ.က (၁) ၊ အ.ထ.က (၂) တို့မှ ကျောင်းအုပ်ကြီးများက ကျေးဇူးတင်စကားပြောကြား၍ ရှေးဦးပြုစုခြင်း (အခြေခံ) အဆင့် (၁/၂၀၂၄)၊ (၂/၂၀၂၄)၊ (၃/၂၀၂၄) သင်တန်းတွင် ထူးချွန်ဆုရ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဆရာမဒေါ်ပြုံးမြင့်နှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ကြပြီး သင်တန်းသားသင်တန်းသူများ၊ နည်းပြများ၊ ဧည်သည်တော်များစုပေါင်း၍ အမှတ်တရမှတ်တမ်းဓါတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။
ဝင်းဗိုလ် (မြန်အောင်)