ငပုတောမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ငပုတော မေ ၈

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ငပုတောမြို့မဈေးအတွင်း ရောင်းချလျက်ရှိသူ အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များက မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ ကြက်ဥနှင့် အသားငါးများ ပြတ်လတ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)