အမြို့မြို့အနယ်နယ်သတင်းများ

May 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် (၁)ရပ်ကွက်၊ နယ်မြေ(၆)၊ နွယ်သာဂီလမ်းတွင် ယမန်နေ့ ညနေ ၃ နာရီကျော်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 09,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ မြို့မဈေးရုံအတွင်း အရေးပေါ်မီးသတ်ကားဝင်ရောက်နိုင်ခြင်း ရှိ/မရှိ သရုပ်ပြမောင်းနှင်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 09,2024
လယ်ယာမြေ ပျက်စီးခြင်းမှ ကာကွယ်၍ မြေဆီဩဇာ ပြည့်ဝလာစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် ရေတော်မိုးတော် ဧကတိုင်း ပိုက်ဆံလျှော် ထည့်သွင်းရေး ပညာပေးဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဥ်းကတိုးကုန်းအုပ်စု၌ ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့သည်။
May 09,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နွေရာသီအခြေခံကွန်ပျူတာနှင့် ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ကြသည်။
May 09,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့ စည်ပင်ကွက်သစ်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
May 09,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက Community Centre ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
May 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ သက်သာစွာစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့၊ မြို့မစျေးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/ မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
May 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၉) စက်မှုလယ်ယာစခန်းမှ မြေလွှာခွဲကိရိယာ (Subsoiler) ဖြင့် မြေပြုပြင်ခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူ ဦးရွှေထူး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။