အထက်မင်းလှ မေ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသက်အုပ်စုအလိုက် ကျန်းမာရေး အသိပညာပေးဟောပြောပွဲများနှင့် ကျန်းမာသော လူမှုဘဝပုံစံဖြင့် နေထိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် လက်ထောက်ကျန်းမာရေးမှူး ဦးဇော်ယုက HIV ရောဂါအကြောင်း၊ လက်ထောက်ကျန်းမာရေးမှူး ဦးဇော်ရဲသွေးလင်းက ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်အကြောင်း၊ ငှက်ဖျားကြီးကြပ်မှ ဦးကျော်စိုးက ငှက်ဖျားရောဂါအကြောင်း၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်မာမာအေးက သွေးလွန်တုပ်ကွေးနှင့် လူငယ်များအကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)