တနိုင်း မေ ၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မေလ (၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ရှေးဦးသူနာပြုစုနည်းသင်တန်း (၁/၂၀၂၄)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးအောင်ငြိမ်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီး နည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ကြကြောင်းနှင့် သင်တန်းကို မေလ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အခြေခံပညာကျောင်းများမှ သင်တန်းသူ/သင်တန်းသားတို့အား ရှေးဦးသူနာပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ၊ ရှေးဦးပြုစုခြင်းသဘောတရားများ၊ ဆေးထည့်ခြင်းနှင့် ပတ္တီးစည်းနည်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။
နေလင်းထူး(ပြန်/ဆက်)