တပ်ကုန်း မေ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ရှောက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ “မျိုးဆက်သစ်” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်ကော်မတီဝင်များအား တွေ့ဆုံ၍ စာကြည့်တိုက်အဆောက်အဦအား ကြည့်ရှုစစ်ဆေး၍ စာကြည့်တိုက်တွင် ခြစား ပျက်နေသည့် အစိတ်အပိုင်းများပြုပြင်ရေး၊ စာအုပ်၊ စာစောင်များ ပြန်လည်စုဆောင်းရေး၊ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် သပြေချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် “ပန်းသပြေ”ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်ကော်မတီဝင်များအား တွေ့ဆုံပြီး စာကြည့်တိုက်တွင် စာဖတ်ပရိသတ်များ စာအုပ်စာပေဖတ်ရှုနေမှုအား ကြည့်ရှုအားပေး၍ လည်းကောင်း၊ စာကြည့်တိုက်ဖွင့်ချိန်၊ ပိတ်ချိန်စနစ်တကျဆောင်ရွက်ရေး၊ စာအုပ်စင်၊ စာအုပ် ဗီရိုများ ပြည့်စုံရေး၊ စာအုပ်၊ စာစောင်များ ပိုမိုများပြားစွာရရှိရေး၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ မြန်မာအောင်ကြီးစားသောက်ဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ Music Band ဖျော်ဖြေရေးလုပ်ငန်းလိုင်စင် စနစ်တကျဆောင်ရွက်ရေး စစ်ဆေးခဲ့ကြောင်း သိရ သည်။
တင်စိုးလွင်