မက်မန်း မေ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျားထားချက် (၇)ရွာအနက် အွန်တောင်၊ လားဟူရွာအစား ကောင်းလန်းအုပ်စု ဝမ်လုံရွာကို ပြင်ဆင်ဆောင်ရွက်ထားရန်၊ ကျေးလက်ဌာနမှ ရေပိုက်များထောက်ပံ့မှု အမြန်ဆုံးရရှိဆောင်ရွက်ရန်၊ ကျေးရွာအလိုက် သောက်သုံးရေရယူထားသည့် စိမ့်စမ်းရေထွက်ရာများ၌ ရေဝင်/ရေလွှဲများဖြင့် ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်သောပျိုးပင်များ စီမံဆောင်ရွက်ထားရန်၊ သစ်တောဉီးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပနိုင်ရန်အတွက် ပျိုးပင်များပြုစုထားရန်၊ ၂၀၂၅-၂၀၂၆ စီမံကိန်းနှစ်တွင် ထောပတ်စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များဝယ်ယူရရှိနိုင်ရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲအခြေအနေနှင့် အခက်အခဲများ၊ အားသားချက်၊ အားနည်းချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်က လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဉမ္မာ(ခရိုင်၊ ပြန်/ဆက်)