တပ်ကုန်းမြို့နယ် ရေအေးကျေးရွာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်း

တပ်ကုန်း မေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သောက်သုံးရေများ လိုအပ်လျက်ရှိသော ကျေးရွာများကို သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့ညနေပိုင်းက ရေအေးကျေးရွာတွင် သောက်သုံးရေများ လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော် ဦးဆောင်၍ မီးသတ်ဝန်ထမ်းများနှင်အတူ ရေအေးကျေးရွာအတွင်းရှိ အိမ်ထောင်စု ၂၃၀ စု၊ ရေဂါလံပေါင်း ၂၈၀၀ ဂါလံအား မီးသတ်ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်