Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား တက်ရောက်
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုသင်တန်းကျောင်း (မန္တလေး)တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Dec 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့က သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၌ အခွန်အရပ်ရပ်ကောက်ခံရရှိမှု အလုပ်ရုံဆွေးနွေးပွဲနှင့် အခွန်အရပ်ရပ်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 24,2025
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ လွတ်ကင်းမှုမရှိစေရေးနှင့် တိုင်းဒေသကြီးအနေဖြင့် အခွန်အရပ်ရပ်ကောက်ခံရရှိမှု အလုပ်ရုံးဆွေးနွေးပွဲနှင့် အခွန်အရပ်ရပ် တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပဲခူးမြို့၊ လူငယ်စင်တာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ပွင့်လင်းရာသီတွင်ဆောင်ရွက်သွားမည့် ရေလမ်းကြောင်းထိန်းသိမ်းရေးအတွက် ဆောင်ရွ…
Dec 24,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ရေဝင်နစ်မြှုပ်လေ့ရှိသဖြင့် ကချင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကို ခံယူ၍ ကမ်းထိန်းရေကာတာ လုပ်ငန်းများ၊ ရေထိန်းတံခါးစီမံကိန်းများနှင့် ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများကိုစီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ပွင့်လင်းရာသီတွင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 24,2025
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို တံတားဦးမြို့ မြို့မဈေး၊ နွားကျော်ဒဈေးနှင့် လူစည်ကားသည့် လက်ဖက်ရည်ဆိုင်များသို့ ယနေ့နံနက် ၁၀ နာရီက အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ထုတ်ပြန်ကြေညာ
Dec 24,2025
မကြာမီကာလအတွင်း ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်ခြင်းနှင့် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း (မွမ်းမံ)သင်တန်း ဖွင့်လှစ်
Dec 24,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီးတွင် မဲရုံအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား လုပ်ငန်းလမ်းညွှန်ခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း(မွမ်းမံ)သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)ကျောင်းခန်းမတွင် ဆရာ/မ (၂၀၀)ဦး တက်ရောက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁၆/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 24,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁၆/၂၀၂၅)ဖွင့်ပွဲကို မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက် ရေကြည်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6
Page
7
Page
8
Page
9
Current page
10
Page
11
Page
12
Page
13
Page
14
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department