မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ ၁၇ ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သောရောဂါ ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယနေ့ နံနက်ပိုင်းက  ရွှေပေါက္ကံ (၁၇) ရပ်ကွက်အတွင်းရှိ  နေအိမ်များသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း ဦးဆောင်၍  ကျန်းမာရေး၀န်ထမ်းများ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ စေတနာ့၀န်ထမ်းများ ပူးပေါင်း၍  ရွှေပေါက္ကံ(၁၇)ရပ်ကွက်အတွင်းရှိ  နေအိမ်များသို့သွားရောက်ကာခြင်မှတဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြော‌ပေးခြင်း ၊ အသိပညာပေး  ဗီနိုင်းများကပ်ခြင်း ၊ ဖုံး ၊ သွန် ၊ လဲ ၊စစ်ပြုလုပ်ခြင်း ၊  ဘုရားပန်းအိုး ၊ရေစည်၊ ရေအိုးများတွင် ပိုးလောက်လမ်း ရှိ၊မရှိ စစ်ဆေးခြင်း ၊ရေတွင်း ၊ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်း ၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများအား  ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)