ပျော်ဘွယ် ဇူလိုင် ၉
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုနယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်းစစ်တုရင်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ဇူလိုင် ၉ ရက် နံနက် ၉ နာရီက မြိုနယ်ရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းနှင့်ပတ်သက်၍ မြိုနယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေရန်၊ ကောင်းသောယှဉ်ပြိုင်မှုနဲ့ ပြိုင်ဆိုင်တတ်စေရန်၊ ကျောင်းစာတွင်မက အားကစားကဏ္ဍမှာကိုလည်း စိတ်ပါဝင်စားစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးခြင်းဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့် ကျင်းပပြုလုပ်ပေးကာ ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)