သံတောင်ကြီး ဇူလိုင် ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသူကျောင်းသားများအား နယ်လှည့်ကွင်းဆင်း၍ စာအုပ်စာစောင်များငှားရမ်းပေးခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ သိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သောသူများဖြစ်စေရန်၊ စာပေ၏တန်ဖိုးကိုသိရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်အတွက် သုတစာအုပ်၊ဝတ္တု၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြ စသည့် စာအုပ်များ စုံလင်စွာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် သွားရောက်ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ