အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရွာဝိုင်းကြီးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 08,2026
မွန်ပြည်နယ် သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ဘင်လှိုင်ရပ်ကွက်ရှိ မရမ်းချောင် အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၈ ရက် နံနက်က ပြုလုပ်ခဲ့ကြ‌သည်။
Jul 08,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့က အထက(ဆင်ဖြူရပ်)ကျောင်း၌ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ပေါင်မြို့နယ်စာရေးဆရာအသင်းမှ ဆရာတင်အောင်စန်း(မော်လမြိုင်)၊ ဆရာငှက်တောင်ပျံ(ဇင်းကျိုက်)တို့နှင့် စာရေးဆရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။
Jul 08,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အဆင့် အရန်သားဖွားဆရာမများလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီက ကျင်းပသည်။
Jul 08,2026
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးမြေအသုံးချရေးဌာနခွဲမှ ဦးဆောင်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုစိုက်ပျိုးနည်း ပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ရုံးတွင်ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာဆန်းဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းမြေအသုံးချရေးတာဝန်ခံနှင့်ဝန်ထမ်းများ၊၊ ဌာနဆိုင်ရာများနှင့်အကျိုးဆောင်တောင်သူ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Jul 08,2026
စက်မှုလယ်ယာဦးစီးဌာန၊ အောင်ပန်းမြို့အမှတ်(၆၅) စက်မှုလယ်ယာစခန်းမှကြီးမှူးကျင်းပ သည့်ခြောက်တန်းသွားကောက်စိုက်စက်နှင့်ရှစ်တန်းသွားလက်ဆွဲအစေ့ချကိရိယာတို့ဖြင့် စပါးစိုက် ပျိုးခြင်းကွင်းသရုပ်ပြသပွဲကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ဟဲဟိုးမြို့၊ဝါးရုံပင်ကျေးရွာအုပ်စု၊ တောင်သူ ဦးဇင်မြင့်ဇော်၏ လယ်မြေတွင် ကျင်းပသည်။ 
Jul 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၆)ကို ယနေ့ဇူလိုင်လ ၇ ရက်နေ့၊နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြူလုပ်ခဲ့သည်။
Jul 08,2026
ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် မိုးကောင်းမြို့မှပြည်သူများနှင့် ဇူလိုင်(၇)ရက်တွင် နမ္မတီးမြို့တော်ခန်းမ၌ နံနက်(၉)နာရီခွဲတွင် တွေ့ဆုံသည်။