Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်သိန်း မုံရွာမြို့၌ ပြည်ပမှပြန်လည် ပေးပို့လာသည့် ကြိုတင်မဲများ ဖွင့်ဖောက်မှုအား ကြည့်ရှုအားပေး
Dec 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပမှပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်မှုကို ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်အကြောင်းသိကောင်းစရာပြပွဲ -၂ဝ၂၅ ကျင်းပ
Dec 26,2025
ဆန်အကြောင်းသိကောင်းစရာပြပွဲ - ၂ဝ၂၅ (ရန်ကုန်တိုင်းဒေသကြီး)Yangon Rice howcase-2025 ပြပွဲကို ဒီဇင်ဘာ ၂၄ ရက်က Melia Hotel (Grand Ballroom)၌ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊လူငယ်စွန့်ဦးတီထွင်အသင်းတို့မှတာဝန်ရှိသူများ၊ ဝါတန်းနှင့်ဘုရင့်နောင်ကုန်စည်ဒိုင်များ၊ ဆန်ကုမ္ပဏီများ၊ ဆန်လုပ်ငန်းရှင်များ၊ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အစိုးရအဖွဲ့၏၂၀၂၅ ခုနှစ် ခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြု ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်ဆုံစားပ…
Dec 26,2025
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ် ခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြုဝတ်ပြု ဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက် ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သိက္ခာတော်ရ ဆရာတော်များနှင့် မြို့မိမြို့မများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ မှော်ဘီမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် မြို့နယ်မ…
Dec 26,2025
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတိယ အကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများလာရောက် ကြည့်ရှုမှုနှင့် ကြိုတင်မဲပေးနေမှု၊ မဲရုံ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မြောင်းမြမြို့ရှိမဲရုံများသို့ ကွင်းဆင်းကြည့်ရှု
Dec 26,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်းသည် မြောင်းမြမြို့ရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများအား ဒီဇင်ဘာလ ၂၄ ရက်က ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့မှ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖေ…
Dec 26,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့မှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စားသောက်ကုန်များ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက သတ်မှတ်နေရာ အသီးသီးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲရုံများလျာ ထားပြင်ဆင်ထားခြင်းများ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Dec 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဝောင်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေ ညာခြင်း ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေများနှင့် မဲရုံများလျာထားပြင်ဆင်ထားမှု အခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၂) ဒေါ်ဖြူဖြူဥ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၂) ဦးတင့်နိုင်တို့က ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Dec 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အမှတ်(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၉၄) ရပ်ကွက်၊ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9
Page
10
Page
11
Page
12
Current page
13
Page
14
Page
15
Page
16
Page
17
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department