Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘားအံမြို့၌ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ကျောင်းသူ ၂၂၀၀ ပါဝင်ဆင်နွှဲ
Jul 08,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပတ်ဝန်းကျင် ဒေသများရှိ အခြေခံပညာကျောင်းပေါင်း ၁၈ ကျောင်းမှ ကျောင်းသား၊ကျောင်းသူ ၂၂၀၀ ပါဝင်ဆင်နွှဲခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးရေးဇုန်( RICE EXPORT ZONE) စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများထံသို့ သွင်းအားစုများပေးအပ်
Jul 08,2026
ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများထံသို့ သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ “လူငယ်နှင့်အနာဂတ် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး” အသိပညာပေးဟောပြော
Jul 08,2026
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသည့်“လူငယ်နှင့် အနာဂတ်နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်သင်ကြား
Jul 08,2026
ဥပဒေရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စစ်တွေမြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ကို စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းသူရိယခန်းမ၌ ဇူလိုင်လ ၆ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှု (Tax Campaign) အသိပညာပေး ရှင…
Jul 08,2026
ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်မှ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းသား/သူများအား အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးလူထုလှုပ်ရှားမှု (Tax Campaign) အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ အာဇာနည်နေ့အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းဆောင်ရွက်
Jul 08,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရွာဝိုင်းကြီးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့ မရမ်းချောင်အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြော
Jul 08,2026
မွန်ပြည်နယ် သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဘင်လှိုင်ရပ်ကွက်ရှိ မရမ်းချောင် အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၈ ရက် နံနက်က ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9
Page
10
Page
11
Page
12
Current page
13
Page
14
Page
15
Page
16
Page
17
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department