ငါန်းဇွန်မြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာ‌စောင်များခင်းကျင်းပြသ

ငါန်းဇွန် ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့သည်။

ဦးစွာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် စာဖတ်ခြင်းကြောင့် ကိုယ့်ဘဝရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ကြောင်း၊ အရာရာကို အကျိုးအကြောင်းအဆိုးအကောင်း ဝေဖန်ပိုင်းခြားတတ်လာကြောင်း၊ စိတ်ထားလေးတွေ ဖြူစင်သန့်ရှင်းအောင် ထားတတ်လာကြောင်း၊ ကိုယ်ဘဝရဲ့တစ်ခုလုံးကို ရင့်ကျက်သန်မာအောင်လုပ်ပေးနိုင်ကြောင်း၊ သူတစ်ပါးအပြောတွေ ထက်စာရင် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်လာကြောင်း၊ ကိုယ့်ဘဝရဲ့ တစ်ခုလုံးကို ရင့်ကျက်သန်မာအောင် လုပ်ပေးလာနိုင်ကြောင်း၊ ခက်ထန်ကြမ်းတမ်းတဲ့ လူတစ်ယောက်ဖြစ်စေကာမူ နူးညံ့သိမ်မွှေ့တဲ့ လူတစ်ယောက်ဖြစ်လာအောင် ပြောင်းလဲပေးလာနိုင်ကြောင်း၊ လူတစ်ကာ အထင်ကြီးဖို့ထက် အရာရာကို အသိဉာဏ်ပညာ ကြီးလာအောင် လုပ်ပေးနိုင်ကြောင်း၊ လူကောင်းတစ်ယောက်ကနေ လူတော်တစ်ယောက်ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ကြောင်း၊ လောကဒဏ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲအောင် သတ္တိတွေ ပေးစွမ်းလာနိုင်ကြောင်း၊ တစ်ပါးသူတွေကို ယုံကြည်တာထက် ကိုယ့်ကိုယ်ကို ပိုမိုယုံကြည်လာအောင် အစွမ်းသတ္တိတွေ ပေးလာနိုင်ကြောင်း စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။                            

သက်နောင်ဦး(ငါန်းဇွန်)