သာယာဝတီ ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှစီစဉ်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသစိမ်းလန်းစိုပြည် လာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အကျိုးပြုသည့် ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီ ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ်(၈၀/၅ဖာလုံ) ဂုံမင်းမြောင်ကျေးရွာ၌ ကျင်းပသည်။
ဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား စိုက်ပျိုးမည့်ပျိုးပင်များ ဖြန့်ဝေပေးအပ်သည်။
ဆက်လက်၍ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးတင်ကျော်ဝင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆန်းဟိုတို့၏ဦးဆောင်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့်က အမြင့်လေးပေ အထက်ရှိ အပင်ပေါင်း(၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အု ပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ် မိုးရာသီဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်လေးပေ အထက်ရှိ ကျွန်း၊ ကံ့ကော်၊ ခရေ၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား စသည့် အပင်ပေါင်း(၅၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)