ရမည်းသင်းမြို့နယ်တွင် ဝါသီးနှံ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာပေး ကွင်းသရုပ်ပြပွဲနှင့် လက်တွေ့ဆောင်ရွက်

ရမည်းသင်း မေ  ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဝါသီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ လိုက်ပါလျက် ရမည်းသင်းမြို့ ကတင်ရေးရွာ ကွင်းအမှတ် ၁၀၈၉၊  ဝါသီးနှံ စိုက်ဧက (၄၅၁)ဧက၌ ဝါသီးနှံ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး နည်းပညာပေး ကွင်းသရုပ်ပြပွဲနှင့် လက်တွေ့ဆောင်ရွက်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကတင်ကျေးရွာ ဝါစိုက်ကွင်းသို့ တက်ရောက်အားပေးခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် တောင်သူများ ပူပေါင်းပါဝင်တဲ့ ဝါသီးနှံသုတေသနကို လက်တွေ့ဆောင်ရွက်ကြရန်၊ လယ်သမားနှင့် စိုက်ပျိုး ရေးနည်ပညာရှင်များအမြဲထိတွေ ပြီးနည်းပညာများ မျှဝေကာ အထွက်နှုန်းမြင့်မားလာမည်ဖြစ်ကြောင်း၊ မျိုးကောင်းသုံးစွဲကြရန်နှင့် စပ်မျိုးသီးနှံများ အထွက်နှုန်းလျော့နည်းကြောင်း၊ ရေကိုအကျိုးရှိရှိ အသုံးချရန်၊ ဝါပိဿာ အထွက်နှုန်းတိုးပွားရေး၊ ဝါသီးနှံပိုးမွှားကာကွယ်နိုင်မှ အရည်အသွေးကောင်းမည့် ဝါသီးနှံထွက်ရှိကာ သီးနှံဈေးကွက် ကောင်းရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်မာလာမြှင့်မှ ဝါသီးနှံကျရောက်နိုင်သော ပိုးမွှားအန္တရာယ်များအကြောင်း ပိုးသတ်ဆေးဖျန်ရန်ရက်(၈၀)အတွင်းနှစ်ကြိမ်၊ ပိုးမွှားကျရောက်မှုအပေါ် ကာကွယ်ဆေးအသုံးပြုနည်းအဆင့်ဆင့်ကို ပရိုဂျက်ဖြင့် လည်းကောင်း၊ ဝါစိုက်ခင်း အနားဘောင်ပေါ်၌ ပိုက်ဆံလျော်စိုက်ပျိုးခြင်းဖြင့် ပိုးမွှားကို ကာကွယ်နိုင်ကြောင်း ရှင်လင်းပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်မှသီးနှံ ရောဂါကာကွယ်းနှိမ်နင်းရန် ထောင်ချောက် ထောင်နည်းကိုလည်းကောင်း၊ မိတ်ဆွေးပိုးမွှားများလာပါက (yellow) စတစ်ကာ အသုံးမပြုရန် အသိရှိကြရန်လိုကြောင်း၊ အဓိကသီးလုံးထွက်လာချိန်၌ ပိုးမွှားများက ဥဥကြကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝါစိုက်တောင်သူများ၏ စိုက်ခင်းအတွင်းလှည့်လည် ကြည့်ရှုပြီး လိုအပ်ချက်များ ကူညီပံ့ပိုးရန် တာဝန်ရှိသူများအား မှာကြားသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဝါစိုက်တောင်သူ (၄၉)ဦးတို့တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)