စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄)ကျင်းပ

မုံရွာ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄)ကို မေလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေများနှင့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုဖြင့် Shwe Ngwe Aye Toe Co,Ltd မှ စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ဆောက်လုပ်ငန်းရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်ချခြင်းလုပ် ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက် ထားလွှာတင်ပြလာခြင်းကိစ္စ လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး Shwe Ngwe Aye Toe Co,Ltd မှ တာဝန်ရှိ သူတစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဖြည့်စွက်အကြံ ပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။တိုင်းဒေသကြီး၊ပြန်/ဆက်