ရေဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

ရေဦး မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက ကျောင်းသားလူငယ်များ မူးယစ်ဆေးကင်းဝေးစေရေးအတွက်  မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက မူးယစ်ဆေးဝါး အပိုင်းသုံးပိုင်းထဲမှ ဘိန်းဖြူ၊  ဘိန်းနှင့်စိတ်ကြွဆေးပြားများ အကြောင်းနှင့် ကျောင်းသားလူငယ်များအကြား စိမ့်၀င်ပျံနှံ့ကာ နိုင်ငံ့သားကောင်းရတနာ မျိုးဆက်သစ် လူငယ်မောင်မယ်များ ပျက်စီးခဲ့ရပုံ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း‌ကြောင့် သုံးစွဲသူ၊ လက်၀ယ်ထားရှိသူများ ရင်ဆိုင်ရမည့်ပြစ်ဒဏ်နှင့် ဆိုးကျိုးများ ခံစားခဲ့ကြရပုံနှင့် နိုင်ငံတော်က မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှုတိုက်ဖျက် တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံတို့ကို  အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်  ကျောင်းသား/ကျောင်းသူလေးများက မူးယစ်ဆေးဝါးကို လူငယ်များသုံးစွဲလာမှုနှင့်ပတ်သက်၍ မေးမြန်းလာမှုအပေါ် မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြား ရှင်းလင်းပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

သန်းသန်း (ပြန်/ဆက်)