မော်လမြိုင်ကျွန်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာ (၃) လစာ ထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကျင်းပ

မော်လမြိုင်ကျွန်း   မေ     ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာ (၃) လစာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အများပြည်သူတို့၏ဘဝ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းဖြင့် အဖွင့်မှာစကားပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာသူများ ယာယီနေရပ်စွန့်ခွာရစဥ်ကာလအတွင်း စားနပ်ရိက္ခာလုံလောက်မှုရရှိစေရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းလွင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူး မိုးစိန်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့် ဌာနဆိုင်ရာအကြီးအကဲများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန်ရိက္ခာ (၃)လစာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)