မချမ်းဘောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

မချမ်းဘော မေ ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်ပရိတ်သတ်များ အသိပညာဗဟုသုတရရှိရန်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာဗဟုသုတများကို မျှဝေနိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ရမည့်အချက်များ လိုက်နာရမည့်အချက်များ ကြိုတင်စီမံထားရမည့်အချက်များ၊ မိုးကြိုကာလနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သည့် မုန်တိုင်းဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ရမည့်အချက်များ၊  မုန်တိုင်းဖြစ်ပေါ်နေချိန်နှင့် မုန်တိုင်ပြီးနောက် လိုက်နာရမည့်အချက်များ၊ မိုးကြိုးပစ်ခြင်းအန္တရာယ် ကာကွယ်ရေးအတွက် လျှပ်စီးလက်ခြင်း မဖြစ်ပေါ်မီ ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စီး လက်နေစဥ် အိမ်တွင်းနေထိုင်ရန်နှင့် နေအိမ်ပြင်ပ ရောက်ရှိချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မိုးကြိုးပစ်ပြီးနောက် လိုက်နာနေထိုင်ရမည့်အချက်များ ပါဝင်ကြောင်း သိရသည်။

မချမ်းဘောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများ အသိပညာဗဟုသုတရရှိရေး ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများနှင့် အသိပညာပေး Talk Show များ၊ သင်တန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ယောရွှေနီ(မချမ်းဘော)