မြိတ်မြို့တွင် ပရဟိတဂေဟာများမှ က‌လေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟော‌ပြောပွဲ ကျင်းပ

မြိတ်      မေ      ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ပရဟိတဂေဟာများမှ က‌လေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟော‌ပြောပွဲကို တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး ပရဟိတ ယောင်္ကျားလေးများ ဂေဟာတွင် မေလ(၁၄)ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး အဆိုပါဂေဟာနှင့် မိဘမဲ့ မိန်းကလေးဂေဟာတို့မှ ကလေးငယ်များအား ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ဟောပြောခဲ့ကြသည်။

အသိပညာပေး ဟောပြောပွဲတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဆန်းက သဘာဝဘေး အန္တရာယ်အကြောင်းအရာများနှင့် ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို လည်းကောင်း၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက စာပေဖတ်ရှုခြင်း၏ အကျိုး ကျေးဇူးများကို လည်းကောင်း ပြောကြားကြသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးနိုင်ဝင်းက “မူးယစ်အန္တရာယ် လူ့ရန်စွယ်” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီ‌အေးက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေးနှင့် ကလေးသူငယ်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ အကြောင်းကိုလည်းကောင်း ပြောကြားခဲ့ကြပြီး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)