မြောင်းမြ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် သစ်တောဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူများအား သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု ဆက်စပ်ပုံကို သိရှိနားလည်စေပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရန်၊ သစ်တောများ၏ အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက “သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြောင်းမြမြို့ပေါ်မှ အ.ထ.က (၁)၊ အ.ထ.က (၃)၊ အ.ထ.က (၆) နှင့် အ.ထ.က (၇) ကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)