သံတောင်ကြီးမြို့နယ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများ ဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်း

သံတောင်ကြီး  မေ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီး စသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လိုင်ချီးသီးပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအတင်ဖြစ်ပြီး ယခုနှစ်တွင်ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်းကြောင်း သိရသည်။

သံတောင်ကြီးဒေသ ယခုနှစ်တွင် လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိသော်လည်းမေလ(၂)နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊  လေပြင်းတိုက်ခြင်းများကြောင့် လိုင်ချီးအဖူးအပွင့်များ ကြွေကျသည့်အတွက် အသီးထွက်နှုန်းလျော့နည်းကြောင်းယခုနှစ်လိုင်ချီးသီး အလုံး(၁၀၀)တစ်ထုပ်လျှင် ကျပ် (၃၀၀၀)မှ ကျပ်(၄၀၀၀)အထိရ ရှိကြောင်းလိုင်ချီးစိုက်ပျိုးလုပ်ကိုင်သူတောင်သူ ဦးစောသာဝါးထံက သိရသည်။

နော်နော်မူ