ပေါင်းတည်မြို့၌ စားသုံးဆီများဆေးဝါးနှင့်ကုန်ပစ္စည်းများ စျေးမြှင့်တင်ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေး

ပေါင်းတည် မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်စျေးကွက်အတွင်းရှိ စားသုံးဆီများကိုရည်ညွှန်းစျေး တစ်ပိဿာ (၅၈၀၀)ကျပ်နှုန်းထားဖြင့် ရောင်းချပေးနေမှုရှိ၊မရှိနှင့် စျေးကွက်အတွင်းရောင်းချနေသောဆေးဝါးများ စျေးမြှင့်တင်ရောင်းချနေမှုရှိ၊မရှိကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများစျေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးနှင့် ဘေးအန္တရာယ်မဖြစ်စေရေးတို့အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ ပူးပေါင်းအဖွဲ့များနှင့်အတူ စားသုံးဆီအရောင်းဆိုင်များ၊ ဆေးဆိုင်များ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သူရကြီး(  ပြန်/ဆက်)