ကဝ မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်များပြိုလဲခြင်းနှင့် အမိုးလန်ပျက်စီးခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကဝမြို့နယ် ရှမ်းကန်၊ အင်းဝ၊ ဇင်ရွေးကုန်း၊ သက္ကလမြို့ ရွှေပြည်အေးရပ်ကွက်များတွင် လူနေအိမ်(၆)လုံးပြိုလဲပြီး (၂၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ လေဘေးသင့်အိမ်ခြေ စုစုပေါင်း(၂၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၆)ပုံးနှင့် အိမ်များပြန်လည်တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေ (၁,၆၅၀,၀၀၀)ကျပ်နှင့် စားနပ်ရိက္ခာအတွက် (၂၂၂,၆၀၀)ကျပ် စုစုပေါင်း (၁,၈၇၂,၆၀၀)ကျပ်ကို လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)