ညောင်လေးပင် မေ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် ၂၀၂၄-၂၀၂၅ ခု၊ လုပ်ငန်းရာသီနှစ် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေ့ဦးစွာ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထိန်ဝင်းက လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လေလံတင်ရောင်းချရာ ပထမအကြိမ် ဂရန်အင်းလေလံတင်ရောင်းချရာ၌ ဂရန်အင်း(၈)အင်းရောင်းချနိုင်ခဲ့ပြီး၊ တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချရာ၌ (၅)ခု ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လေလံတင်ရောင်းချရေးအဖွဲ့နှင့် လေလံတင်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ညောင်လေးပင်နှင့် ကျောက်တံခါးမြို့နယ်များမှ အင်းလုပ်ငန်းလုပ်ကိုင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်
မြို့နယ် (ပြန်/ဆက်)