မိုးကုတ်မြို့ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်တွင် ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အမျိုးသား/အမျိုးသမီးယောဂီများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

မိုးကုတ်    မေ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကုန်းမြင့်သာယာရပ်၊ ဓမ္မရံသီမိုးကုတ် ရိပ်သာကျောင်းတိုက်၌ (၁၄၅)ကြိမ်မြောက် ကဆုန်လပြည့် ဗုဒ္ဓအထိမ်းအမှတ်အဖြစ် ဓမ္မရံသီမိုးကုတ် ဝိပဿနာ(၁၀)ရက် အထူးတရားစခန်းပွဲကို (၁၃.၅.၂၀၂၄) မှ (၂၂.၅.၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး တရားစခန်းဝင်ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အမျိုးသား/အမျိုးသမီးယောဂီများ စုစုပေါင်း (၆၁၀)ဦးခန့် ရှိကြောင်း သိရှိရသည်။

အဆိုပါ ဓမ္မရံသီမိုးကုတ်ဝိပဿနာ (၁၀) ရက် အထူးတရားစခန်းပွဲသို့ တရားစခန်းဝင် ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အမျိုးသား/အမျိုးသမီး ယောဂီများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ထံမှ သိရသည်။

ဇင်မင်းမောင်(ပြန်/ဆက်)