အမြို့မြို့အနယ်နယ်သတင်းများ

May 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်း လုပ်ငန်းများအဖြစ် ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်၌ ဖုံး ၊ သွန် ၊ လဲ ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သည်။
May 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ရှမ်းစုကျေးရွာ၊ ကံသာရွှေဘုံကျောင်းတိုက်၊ ရှမ်းစုကျောင်းလေးတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပသည်။
May 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)တွင် ကျင်းပခဲ့သည်။
May 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
May 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် (၉)နာရီအချိန် လဟယ်မြို့တွင် (၂၈-၅-၂၀၂၄) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် လဟယ်မြို့(တိုးချဲ့-၂)ရပ်ကွက်ရှိ ကျလွေချောင်းကမ်းပါးဘေးနားအိမ်ခြေ (၉)လုံး ရေတိုက်စား ပြိုကျပျက်စီးနေမှု၊ လဟယ်-ဆင်သေလမ်းကြောင်း တောင်ကျချောင်းရေကြောင့် လမ်းများပျက်စီးနေမှု၊ ‌ကျလွေချောင်းရေအားလျှပ်စစ် နွံစစ်ကန်နှင့် ရေးအားလျှပ်စစ်စက်ရုံတောင်ပြို၍ ရွှံ့နွံများဖြင့် ပိတ်ဆို့နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
May 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ ပန်လျန်းကျေးရွာနှင့် နမ့်ဟူးကျေးရွာရှိ နေအိမ်များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။
May 30,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ-ထ-က မက်မန်းကျောင်း အောင်ရတနာခန်းမတွင် ကျင်းပခဲ့သည်။
May 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေ ဦးဆောင်သော ခရိုင်စစ်ကြောင်းကြီး(၅)ကြောင်းသည် ယနေ့ နံနက်ပိုင်းက ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။