Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်မြို့၌ မျိုးနေကြာ အထူးဇုန်နှင့် မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 30,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မျိုးနေကြာအထူးဇုန်နှင့် မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်အနားကျင်းပခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၎င်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်ကြည့်ရှုအားပေး
May 30,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၂၈-၅-၂၀၂၄) ရက်နေ့မှ (၁-၆-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများ ဆောင်ရွက်
May 30,2024
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ မိုးဦးကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေလတတိယပတ်မှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လမ်း၊ တံတား၊ ရေမြောင်းများအား က…
May 30,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိ လမ်း၊ တံတား၊ ရေမြောင်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ရမှတ်ကျေးရွာ၊ လက်မဲကျေးရွာ၊ ဇယ်တွင်းကျေးရွာအုပ်စု (၃)အုပ်စုတို့အား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီလူထုဖြန့်သစ်ပင် ပျိုးပင်ပေါင်း (၅၄၀၀၀) ပျိုးထောင်ထားရှိ
May 30,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီ လူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ခရေ၊ ဒညင်းပင်၊ ပိန္နဲပင်၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ ယူကလစ်၊ သရက်၊ မဟော်ဂနီ၊ မန်ကျည်း စသည့်ပျိုးပင်ပေါင်း (၅၄၀၀၀) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်သက်ပိုင်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့တွင် လယ်(၈၇၀)ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေ ကျပ်သိန်း (၁၇၄၀) ပေးအပ်
May 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) သမဝါယမကဏ္ဍမှ မြို့နယ်အတွင်းရှိ လယ်(၈၇၀)ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေ ကျပ်သိန်း (၁၇၄၀) ပေးအပ်ပွဲကို မေလ၂၈ရက်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6006
Page
6007
Page
6008
Page
6009
Current page
6010
Page
6011
Page
6012
Page
6013
Page
6014
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department