ဝေါ မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ရှမ်းစုကျေးရွာ၊ ကံသာရွှေဘုံကျောင်းတိုက်၊ ရှမ်းစုကျောင်းလေးတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပသည်။
အဆိုပါ မိုးစပါးသီးနှံစိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်မိုးလွင်က အရည်အသွေးကောင်း၊ အထွက်ကောင်း စပါးမျိုးသစ် ဝိုင်အက်စ်အာ-၁ (YSR-1)၊ ဝိုင်အမ်အာ-၂၀ (YMR-20) စိုက်ပျိုးနည်းဆွေးနွေးဟောပြောပြီး ရေမြုပ်ဒဏ်ခံနိုင်ခြင်း၊ ပင်လယ်ဆားငန်ရေ(12ds/m)ထိခံနိုင်ခြင်း၊ အနံ့အသင့်အတင့်မွှေးခြင်းတို့အား တောင်သူများလက်တွေ့သရုပ်ပြသသည်။
ယင်းအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့နှင့် ရှမ်းစုကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)