အမြို့မြို့အနယ်နယ်သတင်းများ

May 30,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၈) နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) ခန်းမ၌ ဆရာ၊ ဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
May 30,2024
ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
May 30,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါမြို့နယ်ရှိ အ-ထ-က(၁)ကျောင်း အမရအောင်မြေခန်းမ၌ ကျင်းပသည်။
May 30,2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသား (၅၅)ဦးကျော်ရှိပြီးဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး စုပေါင်းခန်းမ၌ စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းသားများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲအခမ်းအနားမှ သိရသည်။
May 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယနေ့နံနက်(၉:၀၀)နာရီတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးလှဘုန်းကျော်၊ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးဦးဇင်မင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဒေါက်တာခင်သူဇာစိန်၊ မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုစိန်နှင့်ဆရာ၊ ဆရာမများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခင်ဝင်းကြည်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
May 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 30,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ကျင်းပသည်။
May 30,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၈)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။