လဟယ် မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် (၉)နာရီအချိန် လဟယ်မြို့တွင် (၂၈-၅-၂၀၂၄) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် လဟယ်မြို့(တိုးချဲ့-၂)ရပ်ကွက်ရှိ ကျလွေချောင်းကမ်းပါးဘေးနားအိမ်ခြေ (၉)လုံး ရေတိုက်စား ပြိုကျပျက်စီးနေမှု၊ လဟယ်-ဆင်သေလမ်းကြောင်း တောင်ကျချောင်းရေကြောင့် လမ်းများ ပျက်စီးနေမှု၊ ကျလွေချောင်းရေအားလျှပ်စစ် နွံစစ်ကန်နှင့် ရေးအားလျှပ်စစ်စက်ရုံတောင်ပြို၍ ရွှံ့နွံများဖြင့် ပိတ်ဆို့နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ လဟယ်မြို့လဟယ်မြို့ (တိုးချဲ့-၂) ရပ်ကွက်ရှိ ကျလွေချောင်းကမ်းပါးဘေးနားရှိ အိမ်ခြေ (၉)လုံး ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ထောက်ပံ့ရေးနှင့် ဘေးလွတ်ရာနေရာချထားရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး ဆင်သေ-လဟယ် (၅၁/၀မိုင်)နှင့် လဟယ်-ဆင်သေအထွက်လမ်းမပေါ်ရှိ တောင်ကျချောင်းရေကြောင့် တောင်ပြိုလမ်းပိတ်ဆို့နေမှုအား လမ်းအထူး(၁၉)မှ စက်ယန္တယား ဖြင့် ဖယ်ရှာနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကုန်စည်စီးဆင်းမှု မပျက်စေရေး အမြန်ဆုံး လမ်းကြောင်းပွင့်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
၎င်းနောက် ကျလွေချောင်းရေအားလျှပ်စစ် နွံစစ်ကန်နှင့် ရေအားလျှပ်စစ်စက်ရုံအား သွားရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုပေါင်း၍ သဲ၊ ကျောက် စလစ်များ၊ နွံများ ဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ လျှပ်စစ်မီးပုံမှန်အမြန်ပေနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးကြောင့် လူနေအိမ် (၉)လုံး ပျက်ဆီးဆုံးရှုံးခဲ့ရပြီးလူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းနှင့် ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၉)စု လူဦးရေ (၄၇)ဦးတို့အား နီးစပ်ရာ ဆွေမျိုးများထံ ရွှေ့ပြောင်းနေရာချထားပြီး ကယ်ဆယ်ရေးနှင့်ပြည်လည်ထူထောင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)