သဲကုန်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

သဲကုန်း ဇူလိုင် ၉

ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွာလှ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက လူကုန်ကူးမှုနှင့်လူမှောင်ခို အဓိပ္ပါယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ သတိပြုရမည့်သူများ၊ လူကုန်ကူးခံရပါက ခံစားရမည့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှုကျူးလွန်ပါက ချမှတ်ခံရမည့် ပြစ်မှု/ ပြစ်ဒဏ်များ၊ ဥပဒေများ စသည့်အကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ကိုကျော်(သဲကုန်း)