ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ဒဂုံအရှေ့ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ်(၆)မူလတန်းလွန်ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၁၁)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူးဦးငွေသူရကအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူက အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်က ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးနှင့်ပတ်သက်၍ ကျောင်းအပ်နှံရေး​နေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်အလှူရှင်များက အလှူပစ္စည်းများပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ဆရာကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)