သဲကုန်းမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သဲကုန်း မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး၊ ဂေဟစနစ် တည်ငြိမ်မှုအားအထောက်အကူပြုစေရေး၊ ပြည်သူလူထုမှ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်စေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက သဲကုန်းမြို့နယ် ဇလဲ့အုပ်စု၊ အ.မ.က ဥသျှစ်ကုန်းကျောင်းဝန်း၌ ကျင်းပခဲ့ကြသည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတွင် မြို့နယ်သစ်တောဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့် ဝန်ထမ်းများ၊ အ.မ.ကဥသျှစ်ကုန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ဒေခံပြည်သူများက ကျွန်း၊ ဗန်ဒါ၊ မန်ဂျန်ရှား၊ ငုပင်၊ ပိတောက်ပင်စသည့် ပျိုးပင်ပေါင်း(၁၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

ကိုကျော် (ပြန်/ဆက်)