လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre-Lashio)တွင် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲနှင့်  သစ်သီးအလှပုံဖော်သင်တန်းဖွင့်ပွဲ ကျင်းပ

လားရှိုး  မေ ၃၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၄) သင်တန်းဆင်းပွဲနှင့်  သစ်သီးအလှဆင်သင်တန်း(၁/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက အဆိုပါ Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကွန်ပျူတာနည်းပြဆရာ ဦးထက်မြတ်စိုးက သင်တန်းတွင်ဖွင့်လှစ်သင်ကြားခဲ့သည့် သင်ခန်းစာများနှင့် ဆက်လက်လေ့လာကြရမည့် နည်းပညာများအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကွန်ပျူတာသင်တန်းတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်သင်တန်းသား၊ သင်တန်းသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ သင်တန်းသားတစ်ဦးက သင်တန်းဆင်းကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)