နောင်ချို ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အခြေခံပညာအဆင့် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်ရေးမှတ်တမ်းများရေးသွင်းခြင်းဆိုင်ရာ မြို့နယ်အဆင့် ထပ်ဆင့်ရှင်းလင်းပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါရှင်းလင်းခြင်းကို မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းနှင့်အတူ ခရိုင်အဆင့်သင်တန်းတက်ရောက်ခဲ့သော နည်းပြများက ထပ်ဆင့်ရှင်းလင်းခဲ့ကြပြီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဆရာတစ်ဦးသည် အခြားသော ဆရာများ၊ ကျောင်းအုပ်များနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် သင်ယူတက်မြောက်မှုများကို မည်သို့အကောင်းဆုံး မှတ်တမ်းတင်ရမည်၊ မည်မျှအသေးစိတ် မှတ်တမ်းတင်ရမည်ကို စည်းမျဥ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆုံးဖြတ်ရန်လိုအပ်ကြောင်း ဆွေးနွေးရှင်းလင်းခဲ့ကြသည်။
ထွေးငယ်(ပြန်/ဆက်)