ရပ်စောက်မြို့၌ မိုးစပါးသီးနှံစိုက်ပျိုးရေးအတွက် သွင်းအားစုများပံ့ပိုးခြင်းအခမ်းအနား ကျင်းပ

ရပ်စောက် ဇွန် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပူးပေါင်း၍ ရောင်ခြည်ဦးစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်းသား တောင်သူ (၃၁) ဦးတို့၏ (၃၂၁.၅) ဧကအတွက် (၆၄၃) သိန်းနှင့်ညီမျှသော သွင်းအားစုများပေးအပ်ခဲ့ရာ သွင်းအားစုများပေးအပ်ပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးစပါးသီးနှံ စိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရးအတွက် စပါးတစ်ဧကတွင် ငွေကျပ် (၂) သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများနှင့် မြို့နယ်သမဝါယမအသင်းစုမှထုတ်လုပ်သော စွမ်းထက်သဘာဝမြေဩဇာများကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် စပါးများရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် ဈေးကောင်းရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)