ကျောက်ဆည် မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတ ပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု ရှိစေရေး ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်း တာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန် မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁) နာရီက ခရိုင်သာသနာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနသို့ သွားရောက်ပြီး သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် စာအုပ်ဖတ်ရှုလိုသော်လည်း မိမိတို့ဌာနလုပ်ငန်းတာဝန်များဖြင့် မအားလပ်သောကြောင့် ငှားရမ်းပေးရခြင်းဖြစ်ကြောင်း၊ ငှားရမ်းပေးသည့် အခါတွင်လည်း သုရစာပေ၊ ရသစာပေမျိုးစုံ၊ လူကြီး၊ လူငယ်အရွယ်စုံ ဖတ်လို့ရသော စာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်းနှင့် စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် စာအုပ်၊ စာပေများနှင့် ရင်းနှီးစေပြီး အသိပညာ ဗဟုသုတများ ရှိစေပြီး အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့် တိုက်နှင့် အကျွမ်းတဝင် ရှိစေရန်အတွက် မိုဘိုင်းနယ်လှည့်စနစ်ဖြင့် အခမဲ့ ငှားရမ်းပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မိုးမိုးအေးက ပြောပြ၍ သိရသည်။
စုစုအေး(ကျောက်ဆည်)