ကျောက်ဆည် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနယက ဦးကျော်ဝင်းနိုင်စာရေးဆရာ(မွန်ဇူး)က မြို့နယ်စာရေးဆရာအသင်းဝင်များအနေဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သွားမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲများတွင် အသိပညာပေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော် ကာတွန်း၊ ဖောင်းဖောင်းက ကျောက်ဆည်မြို့နယ်အမှတ်(၃)မဂ္ဂဇင်း ထုတ်ဝေဖြန့်ဖြူးရောင်းချခြင်းများနှင့်ပတ်သတ်၍ ရငွေ/သုံးငွေများအကြောင်း၊ စာရေးဆရာအသင်းဗဟိုညီလာခံနှင့်ပတ်သတ်သည့်အကြောင်းများ၊ ရွှေကျင်နိကာယမဂ္ဂဇင်းတွင် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ရေးသားပေးပို့နိုင်ရေး၊ အသင်းဝင်အသင်းသားများအတွက် ကျန်းမာရေးစရိတ်ထောက်ပံ့နိုင်ရေးနှင့် အသင်းဆိုင်ဘုတ်တင်ခြင်း ဆောင်ရွက်သွားမည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင်များက အခြေခံပညာကျောင်းများတွင် ပြုလုပ်သွားမည့်အသိပညာပေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်သွားမည့် အကြောင်းအရာများနှင့် အသင်းလုပ်ငန်းများပိုမိုအောင်မြင်ရေး အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်