အမြို့မြို့အနယ်နယ်သတင်းများ

Jun 07,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်နေသည့် အသက်‌မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းအား ယနေ့နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Jun 07,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Billboard စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲမှစတင်၍ အောင်သပြေရပ်ကွက်ရှိ စုပေါင်းရုံးအနီ မီးပွိုင့်လမ်းဆုံနေရာနှင့် နားခါရပ်ကွက် အထင်ကရဆင်ရုပ်ကြီးအနီး မြို့လယ်လမ်းဆုံနေရာတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 07,2024
ကလောခရိုင် စီမံအုပ်ချုပ်‎ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေး၊ သစ်တောများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို သစ်ပင် စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင် (၈၆/၅) အနီးတွင် ယနေ့ နံနက် ၇ နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Jun 07,2024
နိုင်ငံတစ်ဝန်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အုံနှင့် စာအုပ်၊ စာစောင်များ လှူဒါန်းပွဲ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်မှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 07,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရန် (၂၃၅၀၄) ဧက လျာထားမှုပြည့်မီရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ် ၁၂နာရီတွင် ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ကွင်းအမှတ်(၁၆၈၊နမ့်ဖားကွင်း)သို့ ကွင်းဆင်း၍ တောင်သူများနှင့်တွေဆုံပြီး မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရေးအတွက် ကြိုတင်ပြင်ဆင်မှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး‌ရေးဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။
Jun 07,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် “မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Jun 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အမှတ် (၅) ရပ်ကွက်အတွင်းရှိ မုန့်ဟင်းခါးဖိုလုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 07,2024
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏အရင်းမူလဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွား​စေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၄ ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် စတင်ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာ ရာမကျောင်းတိုက်တွင်လည်း ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေး ဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စုစုပေါင်းစာဖြေသံဃာတော်( ၁၅၈ )ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။