အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အ.ထ.က အောက်လိပ်ကျောင်း၌ ကျင်းပခဲ့သည်။
Jun 08,2024
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၊ ခရိုင်အဆင့်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ တိလောကာရုံစာသင်တိုက်၊ ဘုန်းကြီးကျောင်းဝန်းအတွင်းကျင်းပရာ အဆိုပါအခမ်းအနားသို့ တိလောကာရုံစာသင်တိုက်နာယကဆရာတော်၊ အမှတ်(၂၀) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးမှူး၊ နယ်မြေရဲစခန်းမှူး၊ ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
Jun 08,2024
(၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် စတင်ကျင်းပပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်ကြား​တောရရပ်ကွက် ကြား​တောရလမ်းရှိ သာသနာလင်္ကာ ရမဟာဓမ္မဗိမာန်​တော်ကြီး (​ကျောင်း​တော်ရာ​ရွှေကျင်တိုက်)တွင် ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စုစုပေါင်း စာဖြေသံဃာ တော်( ၁၈၄ )ပါးနှင့် သီလရှင်(၈၇)ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
Jun 08,2024
ကမ္ဘာ့နိုင်ငံများတွင် (၁၀)နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူလျက်ရှိပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် အချက်အလက်များရရှိနိုင်ရန် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သန်းခေါင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Jun 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်(Abate) ဆေးခတ်ခြင်း ကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်က မြန်အောင် နေခြည်စျေး၊ မြန်အောင်မြို့ပေါ်ရပ်ကွက်များ အခြေခံပညာကျောင်းများ ပရဟိတဘုန်းတော်ကြီးကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
Jun 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနဟိတကာရီဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲကို ဇွန်လ ၆ ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။
Jun 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မုခ်ထုတ်ကျောင်းတိုက်၌ ဖွင့်လှစ်ခဲ့သော မေတ္တာရှင်လူငယ်ဖွံ့ဖြိုးရေးပရဟိတ (၄၂)နှစ်ပြည့်နှင့် ဘုန်းတော်ကြီးသင်ပညာရေး (၃၁)နှစ်ပြည့် အထိမ်းအမှတ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ကျောင်းဖွင့်ပွဲ အခမ်းအနားနှင့် စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများ လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။